Lexus Model Name တွေနဲ့တစ်လုံးချင်းအဓိပ္ပါယ်




Lexus model တွေကို ပုံမှန်အားဖြင့်ရှေ့ကအင်္ဂလိပ်အက္ခရာ ၂ လုံးကိုနောက်ကဂဏန်း ၃ လုံးနဲ့တွဲပြီးလာလေ့ရှိပါတယ် (ဥပမာ LX 570) ။ တစ်လုံးချင်းစီအားလုံးမှာအဓိပ္ပါယ်အသီးသီးရှိပါတယ်။ ရှေ့ဆုံးစာလုံးက Model Range ဖြစ်ပါတယ် ဆို Luxury ကိုကိုယ်စားပြုတာဖြစ်ပြီး Flagship model တွေပါ။ G က Grand ပါ Midsize model တွေပါ။

ဒုတိယစာလုံးကတော့ Body Type ကိုကိုယ်စားပြုတာပါ S က Sedan, X က SUV / Crossover, C ကတော့ Coupe, M ကတော့ Minivan ပါ။ (LC 500 ဆိုရင် Luxury Coupe ကိုဆိုလိုတာပါ) ။

နောက်ကဂဏန်း ၃ လုံးကတော့ Engine Displacement ပါ။ GS 350 ဆို 3500 cc or 3.5 Liter Engine ပါ။ Hybrid model တွေမှာတော့ Gasoline နဲ့ Electric နှစ်ခုပေါင်း Output ကိုဖော်ပြတာပါ (ဥပမာ RX 450h ဆိုရင် 3.5 L V6 Engine နဲ့ Electric နှစ်ခုပေါင်းရင် 4.5 L V8 နဲ့ညီမျှတယ်လို့ဆိုလိုတာဖြစ်ပါတယ်)


အချို့မော်ဒယ်တွေမှာတော့ထူးခြားချက်တွေကိုနောက်မှာ Special စာလုံးတွေပါလေ့ရှိပါတယ် LS 600h L မှာဆို h က Hybrid, L Long wheelbase ကိုပြောတာပါ။ NX 200t မှာ t က Turbocharged engine သုံးထားတာကိုရည်ရွယ်တာပါ။ d က Diesel ဖြစ်ပြီး AWD ကတော့အခြားကားများနည်းတူ All Wheel Drive ပါ။  




RC F, GS F တို့လိုနာမည်မှာ ပါရင် F Sport ကိုရည်ရွယ်တာဖြစ်ပါတယ် High Performance version ပါ (BMW မှာ M, Mercedes မှာ AMG လိုမျိုးပါ) ။ ဘာကြောင့် လို့ခေါ်လဲဆိုတော့ ဂျပန်နိုင်ငံမှာ Formula 1 ပြိုင်ပွဲတွေလက်ခံကျင်းပတဲ့ Race Track တစ်ခုဖြစ်တဲ့ Toyota Company ပိုင် Fuji Speedway ကိုကိုယ်စားပြုတာပါ။



Fuji Speedway ကို 1963 ခုနှစ်မှာ Mitsubishi Estate Company မှတည်ဆောက်ခဲ့တာဖြစ်ပြီး ဖူဂျီတောင်ခြေမှာတည်ရှိပါတယ် 2000 ပြည့်နှစ်မှာတော့ Toyota ကဝယ်ယူခဲ့ပါတယ် 2007 ခုနှစ်မှာ Fuji Speedway ကိုအစွဲပြုပြီး Lexus ရဲ့  High Performance Model တွေအတွက် F Sport Program စတင်ခဲ့ပါတယ်။ 



ဒီကွင်းထဲမှာ Formula One Japanese Grand Prix, FIA World Sportscar Championship, national racing အစရှိတဲ့နာမည်ကျော်ကားပြိုင်ပွဲတွေကိုကိုလက်ခံကျင်းပခဲ့ဖူးပါတယ် FIA မှ Grade 1 အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ကွင်းတစ်ခုလည်းဖြစ်ပြီး လာမယ့် 2020 Tokyo Olympic မှာလည်းစက်ဘီးပြိုင်ပွဲများကျင်းပသွားမှာဖြစ်ပါတယ်။



Lexus ရဲ့ထွက်ပြီးသမျှမော်ဒယ်တွေကတော့

LS – Luxury Sedan
GS – Grand Sedan
ES – Executive Sedan
IS – Intelligent Sport

LX – Luxury Crossover
GX – Grand Crossover
RX - Radiant Crossover
NX - Nimble Crossover
UX - Urban Crossover

LC – Luxury Couple
RC - Radical Coupe
LM – Luxury Minivan (Upcoming Model)
LFA – Lexus Fuji Apex (Limited Edition)
SC - Sport Coupe (Discontinue)
CT - Creative Touring (Discontinue)
HS - Harmonious Sedan (Discontinue) တွေဘဲဖြစ်ပါတယ်။


Lexus ဆိုတာတော့ Toyota ရဲ့ Luxury Brand ဖြစ်ပြီး 1989 ခုနှစ်ကမှ Mercedes Benz ကိုယှဥ်ပြိုင်ဖို့ထုတ်ထားတာပါ သက်တမ်းနှစ် ၃၀ ဘဲရှိပါသေးတယ်။ Customer Report တွေအရ Reliable အဖြစ်ဆုံး Brand အဖြစ် ၁၀ နှစ်ဆက်တိုက်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

Swan Htet Paing

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer မှာမဖတ်ရတာဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ