ကာဗွန်ဒိုင်အောင်ဆိုဒ်လုံးဝမရှိတဲ့ဘူတန်နိုင်ငံဆိုတာ

တရုတ်၊ အိန္ဒိယနဲ့နီပေါနိုင်ငံကြားက ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဘူတန်ဆိုတာဘယ်လိုနိုင်ငံမျိုးလဲ ဒီနိုင်ငံရဲ့ထူးခြားချက်တွေကဘာ‌တွေလဲ

Image result for bhutan


-       အိမ်ခြေမဲ့မရှိပါဘူး နေစရာအိမ်မရှိရင်အစိုးရကအိမ်နဲ့ခြံပေးပါတယ်။
-       နိုင်ငံသားတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုအလုံးစုံအခမဲ့ဖြစ်ပါတယ် ဆေးဖိုးရောဝါးခပါပေးစရာမလိုပါဘူး။

-       TV မရှိသလို Internet လည်းမရှိပါဘူး။ ပြည်ပမှလွမ်းမိုးမှုများကြောင့် ယဉ်ကျေးမှုပျောက်ပျက်မှာကို တားဆီးတဲ့နေနဲ့ TV နဲ့ Internet တွေကို 1999 ခုနှစ်တည်းကတားဖြစ်ထားပါတယ်။

Image result for bhutan traditional dress

-       အမျိုးသားများအတွက် Gho လို့ခေါပြီး, အမျိုးသမီးဝတ်ကိုတော့ Kira လို့ခေါ်တဲ့ ရိုးရာဝတ်စုံများကိုသာဝတ်ဆင်ရပါတယ်။

-       ဆေးလိပ်နှင့်ဆေးရွက်ကြီးကိုလည်း 2010 ခုနှစ်တည်းကတားမြစ်ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဘူတန်ကိုသွားလည်မယ်ဆိုရင် ဆေးလိပ်လည်းဝယ်လို့ရမှာမဟုတ်သလို Public မှာလည်းသောက်လို့မရပါဘူး

Image result for bhutan

-       ဘူတန်နိုင်ငံရဲ့ 60% ကျော်ကသစ်တောများဖုံးလွှမ်းရမယ်လို့တရားဝင်သတ်မှတ်ထားသလို လက်ရှိမှာတော့ 71%  ရှိပါတယ်။ နိုင်ငံရဲ့မြေနေရာတစ်ဝက်ကျော်က ပန်းခြံများဖြစ်ပါတယ်။ 2015 ခုနှစ်ကဘူတန်မှာ တစ်နာရီအတွင်း သစ်ပင်ပေါင်း ၅၀၀၀၀ စိုက်ပျိုးပြီးစံချိန်တင်ထားပါတယ်။ အကျိုးဆက်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်မရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်လာပါတယ်။ CO2 ထုတ်လုပ်တာထက် အပင်တွေကစုပ်ယူတာ ၃ ဆပိုများနေလို့ဖြစ်ပါတယ်။

-       အသီးအနှံတွေဆိုလည်း ဆိုးဆေးများလုံးဝမပါတဲ့ 100% Organic များသာရှိပါတယ်။


Image result for bhutan airport
-     
ဘူတန်နိုင်ငံရဲ့ ပါရိုလေဆိပ်က ကမ္ဘာ့အန္တရာယ်အများဆုံးလေယာဉ်ကွင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြေးလမ်းကလည်း ပေ ၆၅၀၀ သာရှိသလို တောင်ကြားမှာတည်ဆောက်ထားတာကြောင့်လေယာဉ်ကို ၄၅ ဒီဂရီစောင်းပြီးဆင်းရပါတယ်။ ပါရိုလေဆိပ်မှာဆင်းခွင့်ရထားတဲ့လေယာဉ်မှူးလည်း ၈ယောက်ဘဲရှိပြီး နေ့ခင်းဘက်ဘဲအဆင်းအတက်လုပ်ပါတယ်။ တစ်နှစ်ကိုခရီးသွား ၃၀၀၀၀ ခန့်လေကြောင်းနဲ့လာကြပါတယ်။

-       နိုင်ငံခြားသားများနဲ့လက်ထပ်ခြင်းကိုလည်းတားမြစ်ထားတာကြောင့် ဒီနိုင်ငံသွားလည်ရင်စိတ်မကစားမိဖို့လို့ပါတယ်။

-       2015 ခုနှစ်စစ်တမ်းများအရနိုင်ငံသားများရဲ့ 91% သောနိုင်ငံသားများဟာ သူတို့နိုင်ငံမှာနေရတာစိတ်ကျေနပ်မှုရှိကြပြီး 43% ကတော့အလွန်အမင်းပျော်ရွှင်ကြပါတယ်လို့ဆိုပါတယ်။ ရာဇဝတ်မှုတွေလည်းအရမ်းနည်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။

-       တစ်နိုင်ငံလုံးကလမ်းညွှန်အမှတ်အသားတွေအကုန်လုံးကို လက်ရေးနဲ့ဘဲရေးဆွဲထားတာလည်းထူးခြားချက်တစ်ခုဖြစ်ပါတယ်။ မြို့တော်သရမ်းဖူးကလည်း ကမ္ဘာပေါ်မှာမီးပွိုင့်မရှိတဲ့တစ်ခုတည်းသောမြို့တော်ဖြစ်ပါတယ်။ ယာဉ်ကြောများကိုယာဉ်ထိန်းရဲမှရှင်းပေးပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ဒီနိုင်ငံလေးကရုပ်ဝတ္ထုပစ္စည်း‌တွေဖွံ့ဖြိုးတိုးတက်မှုမရှိပေမယ့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ကိုယ်ပိုင်နေထိုင်မှုပုံစံ၊ သန့်ရှင်းတဲ့လေထုရေထုတွေနဲ့ ‌အေးချမ်းပြီး‌နေချင်စဖွယ်နိုင်ငံလေးတစ်ခုလို့ဆိုရပါမယ်။ အင်တာနက်မရှိ၊ ရုပ်သံလိုင်းမရှိလို့ အလုံပိတ်အခန်းထဲရောက်နေသလိုဘဲ အလင်း‌ရောင်လည်းမဝင်သလို ဖုန်လည်းမဝင်တော့ဘူးဆိုပေမယ့်လည်း ‌နေတတ်ရင်‌တော့ကျေနပ်စရာပါဘဲ။

Photo Credit 
Reference Bright Side 
Swan Htet Paing

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks