ကားတစ်စီးကိုတန်ရာတန်ကြေးဝယ်စီးမလား မတန်မရာပေးဝယ်ကြမလား


Hyundai Accent (2020) vs Toyota Crown (2014)

အခုချိန်သိန်း ၃၀၀ တန်ကားတစ်စီးဝယ်မယ်ဆို Entry Level Brand New ထဲကဝယ်မလား ဂျပန်ကျထဲကဘဲအမြင့်ကားဝယ်စီးမလား။ SKD လို့ခေါ်တဲ့မြန်မာပြည်မှာဆင်တဲ့ကားတွေကို အခွန်တွေအများကြီးလျှော့ထားပေးတာကြောင့် မူရင်းဈေးနဲ့ဘယ်လောက်မှမကွာတာတွေ့ရပါတယ် အခုနောက်ပိုင်းလူကြိုက်များလာတဲ့ Hyundai Accent ကိုလေ့လာကြည့်ရအောင်

Hyundai Accent ရဲ့ ဝင်ငွေခွန်အပါအပြီးအစီဈေးက ၃၁၂ သိန်းရှိပါတယ် သူရဲ့မူရင်းဈေးကိုလေ့လာကြည့်တော့ Base model (Manual Gear / without Alloy) ကိုဒေါ်လာ ၁၅၀၀၀ ကစပါတယ်။ ဒီမှာရောင်းတာတွေက Auto Gear (with Alloy) တွေမို့ ကားဖိုးသီးသန့်ကို ဒေါ်လာ ၁၆၀၀၀ သို့မဟုတ် မြန်မာငွေ သိန်း ၂၄၀ ဖြစ်တာကြောင့် ကိုယ်ပေးလိုက်ရတဲ့ငွေရဲ့ 77ကကားတန်ဖိုးဖြစ်ပါတယ်

Accent ရဲ့စက်ရုံထုတ်ဈေး ($15995)

သူနဲ့ဈေးတန်းတူတဲ့ Crown 2004 model ဆိုရင် ဂျပန်လေလံမှာရော Without ဈေးကွက်မှာရောသိန်း ၃၀ ဝန်းကျင်လောက်ကစပြီးရပါပြီ 

Crown (2004) ရဲ့လေလံဈေး ($2000 ဝန်းကျင်)

ဒါပေမယ့်လိုင်စင်အပါအပြီးအစီးဈေးဆို သိန်း ၃၀၀ ကနေ ၃၆၀ လောက်ထိရှိပါတယ် (၁၅ နှစ်သုံးပြီးသားကိုနော်)။ ကားတန်ဖိုးကကိုယ်ပေးရတဲ့ဈေးရဲ့ 10ဘဲရှိပါတယ် ပြောရမယ်ဆိုမတန်ပါဘူး

Crown ရဲ့ မြန်မာပြည်ဈေးကွက်ပေါက်ဈေး (သိန်း ၃၆၀ ဝန်းကျင်)

ဒီမှာသုံးပြီးသားမလိုချင်ဘူး Used ထဲကသွင်းမယ်ဆို 2014 model Volkswagen Golf တစ်စီးကို လေလံမှာသိန်း ၁၀၀ လောက်ရှိပါတယ် ဒီမှာတော့ သိန်း ၄၀၀ လောက်ပေါက်ပါတယ်။ ကားတန်ဖိုးကကိုယ်ပေးရတဲ့ဈေးရဲ့ 25% ပါ 

Volkswagen Golf ရဲ့မြန်မာပြည်ဈေးကွက်ပေါက်ဈေး ($7000 ဝန်းကျင်)

ပုံမှန် Brand New  တစ်စီးကဒီရောက်ရင်ဈေးက ၂ ဆကနေ ၄ ဆလောက်ဖြစ်သွားပေမယ့် SKD တွေကတော့ 30% လောက်ဘဲပိုသွားတာတွေ့ရပါတယ် Mercedes S450 ဆို MSRP $90000 လောက်ဘဲရှိပေမယ့် ဒီက Showroom မှာတော့ $370000 နဲ့ရောင်းတာမို့ 405% တောင်ပိုသွားပါတယ်

 Mercedes S450 စက်ရုံထုတ်ဈေး ($91250)
မြန်မာပြည် Showroom ရောင်းဈေး ($370000)

Crown နဲ့ Accent ဆိုတာ Level မတူတာမို့ယှဥ်စရာလည်းမဟုတ်ပါဘူး။ Accent က Entry Level Subcompact (B Segment) ဖြစ်ပြီး Crown က Executive Level (E Segment) ပါ အများကြီးကွာပါတယ်။ Crown ရဲ့ စီးရတာသက်သောင့်သက်သာရှိမှု ငြိမ့်ညောင်းမှု၊ အကြမ်းခံမှုနဲ့ အတွင်းခန်း Grade တွေကိုတော့ Accent နဲ့ဘယ်လိုမှယှဥ်လို့မရပါဘူး ဒါပေမယ့် အသစ်စက်စက်ကိုစိတ်သန့်သန့်နဲ့စီးရပါမယ် အတိုက်အခိုက်ရှင်းလား ရဲမှုကင်းလား အော်ဆေးဖြစ်ရဲ့လား Engine ကျနေပြီလား ဈေးကရောမှန်ရဲ့လား အစရှိတဲ့လားပေါင်းများစွာအတွက်ပူစရာမလိုတော့ပါဘူး အချိန်တန်ရင် Showroom မှာ Service သွားလုပ်ရုံပါဘဲ

0 Kilo Subcompact ကားလေးကိုဘဲအသစ်စက်စက်ဝယ်မလား ဂျပန်ကျထဲကဘဲ Grade အမြင့်ကို Luxury ကျကျစီးမလားဆိုတာတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါဘဲ




Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

iPhone နဲ့ရိုက်ထားတဲ့ပုံတွေ Computer မှာမဖတ်ရတာဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ