Posts

Showing posts from May, 2020

iOS App Review (Black camera video recording)

Image
ကျွန်တော်ဝယ်သုံးပြီးအဆင်မပြေတဲ့  App  လေးတစ်ခုအကြောင်း  share  ပေးချင်ပါတယ်။ ဟိုတစ်လောက  Spy camera  အကြောင်းတင်ဖူးပါတယ်။  Concert Camera  လို့ခေါ်တဲ့  App  လေးကသုံးရတာအဆင်ပြေပေမယ့်  Selfie Camera  မရသလို  US Store  မှာလည်းမရှိ‌တော့ပါဘူး။  Selfie  ပါရတဲ့  Secret Camera +  ကလည်း  iOS 11  ကျော်ရင်  Support  မလုပ်တော့ပါဘူး။ အဲ့ဒါကြောင့်အခြား  App  တစ်ခုရှာကြည့်ရင်း  Selfie  ပါရတယ်ဆိုတဲ့  App  တစ်ခုရှာတွေ့ခဲ့ပါတယ်။  Black camera video recording  လို့ခေါ်တဲ့  $1.99  တန်  Paid App  လေးတစ်ခုပါ။ ဒါပေမယ့်တကယ်ဝယ်သုံးကြည့်တော့ ပုံထဲကလို  Black screen  ဖြစ်မသွားဘဲ  Shutter button  တွေနဲ့အခြား  Option  တွေက ပေါ်နေပါတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး အမှောင်ထဲမှာဆိုတော်တော်သိသာပါတယ်။ အရင်တုန်းက Invasion AR ကို Pre order တင်ထားတာငွေဖြတ်သွားပြီး App ကိုမရလိုက်တာဖြစ်ဖူးပါတယ် Refund တော့ပြန်မတောင်းခဲ...

ရှားပါးစာရင်းဝင်လာပြီဖြစ်တဲ့ iPhone 2G များအဆမတန်ဈေးနှုန်းမြင့်မားလျှက်ရှိ

Image
iPhone 2G လို့ခေါ်ကြတဲ့   Apple first generation iPhone တွေကအခုဆို ရှားပါးစာရှင်းဝင်နေပြီမို့ ဈေးကွက်ထဲမှာ အဆမတန်ဈေးနှုန်းမြင့်မားလျှက်ရှိပါတယ်။ iPhone 2G used တွေကို Condition ပေါ်မူတည်ပြီး ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ ဝန်းကျင်ထိရောင်းချလျှက်ရှိပါတယ် (မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ဝန်းကျင်ပါ) ။ စိတ်မကောင်းစရာကတော့ iPhone 2G ကိုခုချိန်ဝယ်မယ်ဆို Wifi ဘဲသုံးလို့ရတော့မှာဖြစ်ပြီး ဖုန်းလိုင်းတော့သုံးလို့ရတော့မှာမဟုတ်ပါဘူး။ iPhone 2G တွေက US က AT&T ရဲ့ 2G Network တစ်မျိုးဘဲသုံးလို့ရပြီး AT&T ကလည်း 2016 နှစ်ကုန်မှာ 2G   Network ကိုအပြီး Shutdown ချသွားပါပြီ။ AT&T ရဲ့အဆိုအရတော့ 2G Network ကိုအပြီးပိတ်သိမ်းလိုက်ရခြင်းမှာ 5G အပါအဝင်အနာဂတ်နည်းပညာများ Develop လုပ်ဖို့ Range များပိုမိုရရှိစေဖို့ သုံးတဲ့သူမရှိသလောက်နည်းသွားတဲ့ 2G ကို Support ရပ်ဆိုင်းလိုက်တယ်လို့ဆိုပါတယ်။ Original iPhone ကို 2007 June လမှာစတင်ဖြန့်ချီခဲ့ပြီး 4 GB ကို $499 နဲ့ 8 GB ကို $599 ဖြင့်ရောင်းချခဲ့ပါတယ် ( 2 years contract ပါဝင်ပါတယ်)။ September လမှာတော့ 8 GB model ကို $399 ဖြင့်ဈေးလျှော့...

ကမ္ဘာ့ပထမဆုံးTouch Screen Phone

Image
ကမ္ဘာပေါ်မှာပထမဆုံးသော Touch Screen Phone ကတော့ 1992 ကထုတ်လုပ်ခဲ့တဲ့ IBM Simon ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာသုံးထားတာ ခေတ်ဟောင်းနည်းပညာဖြစ်တဲ့ Resistive Touchscreen ပါ။ ဒုတိယမျိုးဆက်လို့ခေါ်ရမယ့် Capacitive Touchscreen ဖုန်းတွေကတော့ပေါ်ပေါက်လာတာ ၁၀ စုနှစ်တစ်ခုကျော်ဘဲရှိပါသေးတယ်။ ဒီနှစ်ခုရဲ့အဓိကကွာခြားချက်တွေကတော့  IBM Simon  First Generation ( Resistive Touchscreen) တွေကပိုပြီးအကြမ်းခံပေမယ့် သုံးရတာလေးပါတယ်။ ထိရုံနဲ့မရဘဲ Pressure လိုပါတယ်။ ဒါပေမယ့်အားသာချက်က ဘယ်အရာဝတ္ထုနဲ့မဆို ထိတွေ့လို့ရပါတယ်။ ဟိုးအရင်က ဈေးပေါတဲ့ Java ဖုန်းတွေရဲ့ Touch ကတော်တော်လေးဖိရတယ်ဆိုတာ OS ကြောင့်မဟုတ်ဘဲ သုံးထားတဲ့ Panel ကြောင့်ပါ။ Nokia ရဲ့နာမည်ကျော် N97, 5800 တွေအထိ ခေတ်ဟောင်းနည်းပညာသုံးထားလို့ Touch က Smooth မဖြစ်ပါဘူး။ ( Second Generation) Capacitive Touchscreen တွေကတော့ လက်ရှိဖုန်းအားလုံးမှာသုံးထားတဲ့ နည်းပညာပါ။ သုံးရတာအရမ်းပေါ့ပါးပါတယ်။ Multi Touch လိုလုပ်ဆောင်ချက်တွေကလည်း Capacitive မှာဘဲရပါတယ်။ ဒါပေမယ့်အားနည်းချက်ကတော့ လက်ချောင်းတွေနဲ့ သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Touch Pen...

Samsung Galaxy S Series ရဲ့ ၁၀ နှစ်တာ (2010-2020)

Image
Samsung က Mobile Phone တွေကို 1996 ခုနှစ်တည်းကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ယခင်က Nokia နဲ့ Motorola  တို့ရဲ့အနောက်မှာသာရှိခဲ့ပေမယ့်   Smartphone တစ်ခေတ်ပြောင်းတဲ့ကာလမှာ Galaxy Series တွေထုတ်လုပ်ပြီး ခေတ်နဲ့အညီလိုက်နိုင်တာကြောင့် ထိပ်ဆုံးမှာအချိန်အကြာကြီးရပ်တည်နေနိုင်တဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ Android Smartphone တွေကို ပထမဆုံး Android ဖုန်းဖြစ်တဲ့ HTC Dream ထွက်ပြီး ၂ လအကြာ 2009 April မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Flagship Series တွေအနေနဲ့ S Series ကို 2010 နဲ့ Note Series ကို 2011 ခုနှစ်မှာစတင်ခဲ့ပါတယ်။  Samsung ရဲ့ S Series ရဲ့ ၁၀ နှစ်တာဖြတ်သန်းလာပုံကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။ Specification တွေထက် Top feature အချို့နဲ့လူသိနည်းတဲ့ ထူးခြားချက်များကိုသာ တင်ဆက်ပေးလိုက်ပါတယ်။ Samsung Galaxy S Series ကစတင်ထုတ်လုပ်ခဲ့စဉ်တည်းက iPhone ကိုယှဉ်ပြိုင်နိုင်တဲ့ အဓိက Rival ဖြစ်ခဲ့ပါတယ်။  Samsung Galaxy S (2010) 2010 March လ မှာ Samsung ရဲ့ပထမဆုံး Flagship model ဖြစ်တဲ့ Galaxy S ကိုစတင်ဖြန့်ချီခဲ့ပါတယ်။ စတင်မိတ်ဆက်ခဲ့စဉ်က Super AMOLED Display ဖြစ်...