ရှားပါးစာရင်းဝင်လာပြီဖြစ်တဲ့ iPhone 2G များအဆမတန်ဈေးနှုန်းမြင့်မားလျှက်ရှိ



iPhone 2G လို့ခေါ်ကြတဲ့  Apple first generation iPhone တွေကအခုဆို ရှားပါးစာရှင်းဝင်နေပြီမို့ ဈေးကွက်ထဲမှာ အဆမတန်ဈေးနှုန်းမြင့်မားလျှက်ရှိပါတယ်။ iPhone 2G used တွေကို Condition ပေါ်မူတည်ပြီး ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ ဝန်းကျင်ထိရောင်းချလျှက်ရှိပါတယ် (မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ဝန်းကျင်ပါ) ။

Original iPhone no longer supported by AT&T as company shuts off ...

စိတ်မကောင်းစရာကတော့ iPhone 2G ကိုခုချိန်ဝယ်မယ်ဆို Wifi ဘဲသုံးလို့ရတော့မှာဖြစ်ပြီး ဖုန်းလိုင်းတော့သုံးလို့ရတော့မှာမဟုတ်ပါဘူး။ iPhone 2G တွေက US က AT&T ရဲ့ 2G Network တစ်မျိုးဘဲသုံးလို့ရပြီး AT&T ကလည်း 2016 နှစ်ကုန်မှာ 2G  Network ကိုအပြီး Shutdown ချသွားပါပြီ။ AT&T ရဲ့အဆိုအရတော့ 2G Network ကိုအပြီးပိတ်သိမ်းလိုက်ရခြင်းမှာ 5G အပါအဝင်အနာဂတ်နည်းပညာများ Develop လုပ်ဖို့ Range များပိုမိုရရှိစေဖို့ သုံးတဲ့သူမရှိသလောက်နည်းသွားတဲ့ 2G ကို Support ရပ်ဆိုင်းလိုက်တယ်လို့ဆိုပါတယ်။


Original iPhone ကို 2007 June လမှာစတင်ဖြန့်ချီခဲ့ပြီး 4 GB ကို $499 နဲ့ 8 GB ကို $599 ဖြင့်ရောင်းချခဲ့ပါတယ် (2 years contract ပါဝင်ပါတယ်)။ September လမှာတော့ 8 GB model ကို $399 ဖြင့်ဈေးလျှော့ရောင်းပြီး 4 GB တွေကိုထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီအချိန်က 4 GB ဆိုတာတော်တော်များနေပြီဆိုပေမယ့် နောက် ၅လအကြာမှာ 16 GB model ကိုထပ်မံထုတ်လုပ်ခဲ့ပြီး $499 (4GB စထွက်တုန်းကဈေး) နဲ့ရောင်းချခဲ့ပါတယ်။ ဒုတိယမျိုးဆက် iPhone 3G ထွက်တဲ့ 2008 June မှာတော့ Original iPhone များကိုထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ သို့သော် Software update များကိုတော့ 2009 ခုနှစ် iPhone OS 3 အထိထုတ်ပေးခဲ့ပါတယ်။

10 years later, the first iPhone looks rough - Insider 

Original iPhone မှာပါတာ အမှန်တကယ်တော့ 2G ကို Upgrade လုပ်ထားတဲ့ GPRS လို့ခေါ်တဲ့ 2.5 G နဲ့  EDGE လို့ခေါ်တဲ့ 2.75 G တွေပါ။ သို့သော် 3G မဖြစ်သေးလို့ 2G လို့သာအလွယ်ခေါ်ကြပါတယ်။  2G Network မှာတော့ ဖုန်းပြောခြင်းနဲ့ SMS ပို့ခြင်းများကိုသာလုပ်ဆောင်နိုင်ပြီး အင်တာနက်သုံးလို့မရသေးပါဘူး။

Reference
ebay
macrumors
Wikipedia
Businessinsider

Swan Htet Paing

Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison