ရှားပါးစာရင်းဝင်လာပြီဖြစ်တဲ့ iPhone 2G များအဆမတန်ဈေးနှုန်းမြင့်မားလျှက်ရှိ



iPhone 2G လို့ခေါ်ကြတဲ့  Apple first generation iPhone တွေကအခုဆို ရှားပါးစာရှင်းဝင်နေပြီမို့ ဈေးကွက်ထဲမှာ အဆမတန်ဈေးနှုန်းမြင့်မားလျှက်ရှိပါတယ်။ iPhone 2G used တွေကို Condition ပေါ်မူတည်ပြီး ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ ဝန်းကျင်ထိရောင်းချလျှက်ရှိပါတယ် (မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ဝန်းကျင်ပါ) ။

Original iPhone no longer supported by AT&T as company shuts off ...

စိတ်မကောင်းစရာကတော့ iPhone 2G ကိုခုချိန်ဝယ်မယ်ဆို Wifi ဘဲသုံးလို့ရတော့မှာဖြစ်ပြီး ဖုန်းလိုင်းတော့သုံးလို့ရတော့မှာမဟုတ်ပါဘူး။ iPhone 2G တွေက US က AT&T ရဲ့ 2G Network တစ်မျိုးဘဲသုံးလို့ရပြီး AT&T ကလည်း 2016 နှစ်ကုန်မှာ 2G  Network ကိုအပြီး Shutdown ချသွားပါပြီ။ AT&T ရဲ့အဆိုအရတော့ 2G Network ကိုအပြီးပိတ်သိမ်းလိုက်ရခြင်းမှာ 5G အပါအဝင်အနာဂတ်နည်းပညာများ Develop လုပ်ဖို့ Range များပိုမိုရရှိစေဖို့ သုံးတဲ့သူမရှိသလောက်နည်းသွားတဲ့ 2G ကို Support ရပ်ဆိုင်းလိုက်တယ်လို့ဆိုပါတယ်။


Original iPhone ကို 2007 June လမှာစတင်ဖြန့်ချီခဲ့ပြီး 4 GB ကို $499 နဲ့ 8 GB ကို $599 ဖြင့်ရောင်းချခဲ့ပါတယ် (2 years contract ပါဝင်ပါတယ်)။ September လမှာတော့ 8 GB model ကို $399 ဖြင့်ဈေးလျှော့ရောင်းပြီး 4 GB တွေကိုထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီအချိန်က 4 GB ဆိုတာတော်တော်များနေပြီဆိုပေမယ့် နောက် ၅လအကြာမှာ 16 GB model ကိုထပ်မံထုတ်လုပ်ခဲ့ပြီး $499 (4GB စထွက်တုန်းကဈေး) နဲ့ရောင်းချခဲ့ပါတယ်။ ဒုတိယမျိုးဆက် iPhone 3G ထွက်တဲ့ 2008 June မှာတော့ Original iPhone များကိုထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ သို့သော် Software update များကိုတော့ 2009 ခုနှစ် iPhone OS 3 အထိထုတ်ပေးခဲ့ပါတယ်။

10 years later, the first iPhone looks rough - Insider 

Original iPhone မှာပါတာ အမှန်တကယ်တော့ 2G ကို Upgrade လုပ်ထားတဲ့ GPRS လို့ခေါ်တဲ့ 2.5 G နဲ့  EDGE လို့ခေါ်တဲ့ 2.75 G တွေပါ။ သို့သော် 3G မဖြစ်သေးလို့ 2G လို့သာအလွယ်ခေါ်ကြပါတယ်။  2G Network မှာတော့ ဖုန်းပြောခြင်းနဲ့ SMS ပို့ခြင်းများကိုသာလုပ်ဆောင်နိုင်ပြီး အင်တာနက်သုံးလို့မရသေးပါဘူး။

Reference
ebay
macrumors
Wikipedia
Businessinsider

Swan Htet Paing

Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks