iOS App Review (Black camera video recording)


Black Camera - Video Recording on the App Store

ကျွန်တော်ဝယ်သုံးပြီးအဆင်မပြေတဲ့ App လေးတစ်ခုအကြောင်း share ပေးချင်ပါတယ်။ ဟိုတစ်လောက Spy camera အကြောင်းတင်ဖူးပါတယ်။ Concert Camera လို့ခေါ်တဲ့ App လေးကသုံးရတာအဆင်ပြေပေမယ့် Selfie Camera မရသလို US Store မှာလည်းမရှိ‌တော့ပါဘူး။ Selfie ပါရတဲ့ Secret Camera + ကလည်း iOS 11 ကျော်ရင် Support မလုပ်တော့ပါဘူး။ အဲ့ဒါကြောင့်အခြား App တစ်ခုရှာကြည့်ရင်း Selfie ပါရတယ်ဆိုတဲ့ App တစ်ခုရှာတွေ့ခဲ့ပါတယ်။ 

Black camera video recording လို့ခေါ်တဲ့ $1.99 တန် Paid App လေးတစ်ခုပါ။ ဒါပေမယ့်တကယ်ဝယ်သုံးကြည့်တော့ ပုံထဲကလို Black screen ဖြစ်မသွားဘဲ Shutter button တွေနဲ့အခြား Option တွေက ပေါ်နေပါတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး အမှောင်ထဲမှာဆိုတော်တော်သိသာပါတယ်။

အရင်တုန်းက Invasion AR ကို Pre order တင်ထားတာငွေဖြတ်သွားပြီး App ကိုမရလိုက်တာဖြစ်ဖူးပါတယ် Refund တော့ပြန်မတောင်းခဲ့ပါဘူး။ အခုတော့ App ကဈေးမကြီးပေမယ့် အတွေ့အကြုံရအောင် Apple ကို refund ပြန်တောင်းဖို့ request လုပ်ထားပါတယ် ၄၈ နာရီစောင့်ရပါမယ် အဆင်ပြေရင်ပြန် share ပေးပါအုံးမယ်။




Android ဖုန်းတွေမှာတော့ Google Play Store ကဝယ်ထားတဲ့ App တွေမကြိုက်ရင် ၂ နာရီအတွင်း အလွယ်တကူ refund လုပ်လို့ရပါတယ်။ App ကို uninstall လုပ်ပြီးချက်ချင်း ငွေပြန်ထည့်ပေးပါတယ်။ Open source ဖြစ်လို့ဖုန်းနဲ့မကိုက်လို့ အလုပ်မလုပ်တာတွေရှိနိုင်လို့ အလွယ်တကူ refund လုပ်နိုင်အောင်စီစဉ်ထားပေးတာဖြစ်နိုင်ပါတယ်။

 


Swan Htet Paing 


Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison