မြန်မာပြည်မှာရောင်းတဲ့ Suzuki Ciaz တွေကဘာ Grade လဲ



CIAZ | AUTOMOBILE | Global Suzuki

အိမ်နီးချင်းဖိလစ်ပိုင်နိုင်ငံမှာ Ciaz ကို Grade ၃ မျိုးနဲ့‌ရောင်းပါတယ်
GL MT - 823,000 (၂၂၇ သိန်းဝန်းကျင်)
GL AT - 873,000 (သိန်း ၂၄၀ ဝန်းကျင်)
GLX - 978,000 (၂၆၉ သိန်းဝန်းကျင်)

Ciaz Price List in Philippines

 GLX Price in MMK

မြန်မာပြည်မှာတော့ Grade တစ်မျိုးတည်းကို ၂၇၂ သိန်းနဲ့ရောင်းတာဖြစ်လို့  ဖိလစ်ပိုင်ကအမြင့်ဆုံး Grade ဖြစ်တဲ့ GLX နဲ့ဈေးအနီးစပ်ဆုံးတူပါတယ်။ ဖိလစ်ပိုင်မှာ‌ရောင်းတဲ့ Ciaz တွေမှာ အနိမ့်ဆုံး Grade ဖြစ်တဲ့ Manual Transmission မှာတောင် TV  လို့ခေါ်တဲ့ Infotainment Touch Screen ပါဝင်ပါတယ်။ 
ဖိလစ်ပိုင်ကအနိမ့်ဆုံး Grade ဖြစ်တဲ့ Air Con ဂျောက်ဂျက်မှာတောင် Touch Screen ပါပါတယ်

GLX မှာဆို Android TV ပါဝင်ပြီး Apple Car Play, Android Auto တွေပါသုံးလို့ရပါတယ်။ 

ဖိလစ်ပိုင်က GLX မှာ Android TV ပါဝင်ပါတယ် 

မြန်မာပြည်မှာရောင်းတာ ဘာ Grade လဲဆိုရင်တော့ အမြင့်ဆုံး GLX ကို TV ဖြုတ်ထားတာလို့ယူဆလို့ရပါတယ်။ ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ 

1. Alloy Size 16" ဖြစ်ခြင်း 
2. Push Start ပါဝင်ခြင်း 
3. Keyless Entry ပါဝင်ခြင်း
4. Steering Control ပါဝင်ခြင်း
5. Digital Air Con ဖြစ်ခြင်း
6. Side Mirror Signal Light (ဘက်မှန်မီးခြောက်) ပါဝင်ခြင်း
7. မှန်ချိုးမှန်ခေါက်မော်တာပါဝင်ခြင်း

တို့ကြောင့်ဖြစ်ပါတယ်။ ဒါတွေက GL မှာမပါဝင်ပါဘူး။ 

မြန်မာနဲ့ပြည်မှာတစ်မျိုးတည်းရောင်းတဲ့ Grade 

မြန်မာပြည်မှာ Ciaz တွေရောင်းကောင်းတဲ့ထဲမှာ အတွင်းခန်း Grade ပြည့်တာကြောင့်လည်း အဓိကအချက်အနေနဲ့ပါဝင်ပါတယ်။ သူ့ရဲ့ Competitor အချို့မှာမှန်ချိုးမှန်ခေါက်မော်တာ၊ Push Start, Keyless Entry, Fog Light, Steering Control အစရှိတာတွေမပါပါဘူး။ မြန်မာပြည်မှာတော်တော်များများက အနိမ့်ဆုံး Grade ကိုသာသွင်းနေကြတဲ့ချိန်မှာ အမြင့်ဆုံး Grade တစ်မျိုးတည်းရောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံကအမြင့်ဆုံးဈေးအတိုင်းရောင်းပြီးအနိမ့်ဆုံး Grade မှာတောင်ပါတဲ့ TV ကိုဘာကြောင့်မထည့်ပေးရတာလဲ။  

Photo Credit : Autodeal










Popular posts from this blog

Difference between AirPods 2 & AirPods Pro

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Samsung One UI Tips & Tricks