Posts

Showing posts from October, 2020

Wonderful roads

Image
  ရောက်ဖူးသင့်တဲ့ကမ္ဘာပေါ်မှာရှိတဲ့အံဖွယ်လမ်းမကြီးများ တရုတ်ပြည်ကနဂါးလမ်းနှင့်နတ်ပြည်ဝင်ပေါက်  တရုတ်ပြည်ဟူနန် ပြည်နယ်မှာရှိတဲ့ ကမ္ဘာပေါ်မှာအလှဆုံးစာရင်းဝင် တီယန်မန်တောင်တက်လမ်းလေးပါ။ တရုတ်ပြည်ရဲ့ နဂါးလမ်းလို့လည်းလူသိများတဲ့ ၇ မိုင်ရှည်တဲ့ဒီတောင်တက်လမ်းကနေ တောင်ထိပ်ရောက်ဖို့ အကွေ့အကောက်‌ပေါင်း ၉၉ ကွေ့ကိုဖြတ်ကျော်ပြီး ရင်သပ်ရှုမောဖွယ်တက်လာရမှာပါ။ တောင်ထိပ်မှာရှိတဲ့ နတ်ပြည်ဝင်ပေါက်လို့တင်စားခံရတဲ့ တီယမ်မန်ဂူကို‌ရောက်ဖို့ ၄၅ ဂရီမတ်စောက်တဲ့ လှေကား ၉၉၉ ထစ်ထပ်တက်ရမှာပါ။  Cable car နဲ့လည်းတောင်ပေါ်တက်လို့ရပါတယ်။ ဒီ‌တောင်မှာ ၄ မိုင်ခွဲရှည်တဲ့ ကမ္ဘာ‌ပေါ်မှာအရှည်ဆုံး cable car သွယ်တန်းထားပါတယ်။ ပေ ၄၂၀၀ အမြင့်ကနေ 37 degree slope နဲ့ တီယန်မန် တောင်ရဲ့အလှတရားကိုခံစားရတဲ့ feel ကတော့ဘာနဲ့မှလဲလို့ရမှာမဟုတ်ဘူး။ ဒါမှအားမရသေးရင် ပေ ၄၆၀၀ မြင့်တဲ့မှန်တံတားပေါ်လျှောက်လို့ရပါသေးတယ်။ ဒီနေရာမှာကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေကလည်း challenge တွေလုပ်ခဲ့ဖူးပါတယ်။ 2018 တုန်းက Dragon Challenge ဆိုပြီးနာမည်ကြီးခဲ့တဲ့ Professional ပြိုင်ကားမောင်းသမား Ho Pin Tung က Range Rover Sport Hybrid ကားနဲ့အရမ်းအန္တရာယ်များတဲ့ ၉၉ က

iPhone 12 buyer guide

Image
iPhone 12 line up ထဲကမော်ဒယ်တွေရဲ့အဓိကကွာခြားချက်တွေနဲ့ ဘယ်မော်ဒယ်တွေက ဘယ်လိုလူတွေအတွက်ရွေးချယ်သင့်တယ်၊ ဘယ်မော်ဒယ်တွေကိုင်ထားရင် upgrade လုပ်သင့်ပြီဆိုတာတွေကို ကျွန်တော့အမြင်နဲ့သုံးသပ်ထားပေးပါတယ် ဒီနှစ်ထွက်တဲ့ iPhone 12 family မှာ iPhone 12 Mini, iPhone 12, iPhone 12 Pro, iPhone 12 Pro Max ဆိုပြီး မော်ဒယ် ၄ မျိုးအထိပထမဆုံးအနေနဲ့ထုတ်လုပ်ထားပါတယ်။ ကျွန်တော့အမြင်တော့ ဒီနှစ် iPhone 12 တွေကိုမနှစ်ကထက် အများကြီးအားရကျေနပ်မှုရှိပါတယ်။ Adapter နဲ့ Earpods မထည့်ပေးတာတော့ သိပ်ဘဝင်မကျပေမယ့် ၁၉ ဒေါ်လာအထိဈေးလျှော့ပေးထားပါတယ်။ အရင်ထက် ၁၀ ဒေါ်လာစီသက်သာသွားပါပြီ။ Type C cable လည်းပါပြီးသားဖြစ်တာကြောင့် fast charging ရဖို့ ၃ သောင်း ကျော်ဘဲကုန်ပါတော့မယ်။ ဒီနှစ်မော်ဒယ်တွေက မနှစ်က iPhone 11 Series ထက်စာရင် ကွာခြားချက်တွေကကျဉ်းမြောင်းလာပါပြီ။ မနှစ်က 11 series တုန်းက iPhone 11 မှာ 720p+ LCD Display (326ppi) ကိုသုံးထားပြီး 11 Pro နဲ့ 11 Pro Max တွေမှာတော့ Super Retina XDR OLED Display (458ppi) ကိုသုံးထားပါတယ်။ ထို့ပြင် 11 Pro တွေမှာ 18W fast charger ကိုတစ်ခါတည်းထည့်ပေးထားပြီး 11 မှာတော့ 5W Standard charger

Apple Operating Systems

Image
  Apple ဆိုတာကိုယ်ပိုင် Operating System တွေနဲ့ Smartphone နဲ့ Computer လောကတွေမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း macOS, iOS, iPad OS, watchOS & tvOS တွေနဲ့အောင်မြင်မှုများစွာ ရယူထားနိုင်ပါတယ်။ ဒီလိုကိုယ်ပိုင် OS တွေနဲ့ရပ်တည်နိုင်တာအခုမှမဟုတ်ပါဘူး။ Apple company ရဲ့သမိုင်းတစ်လျှောက် တီထွင်ခဲ့တဲ့အဓိကကိုယ်ပိုင် OS တွေအကြောင်းကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။ Apple I Apple I (1976) Apple ရဲ့ပထမဆုံး Product ဖြစ်တဲ့ 1976 ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Apple 1 လို့အမည်ရတဲ့ computer မှာတော့ ဘာ OS မှမပါဝင်ခဲ့ပါဘူး။ အစောပိုင်းကာလမှာ ကွန်ပျူတာတွေက Operating System မပါဝင်သေးတာကြောင့် တစ်ချိန်တည်းမှာအလုပ်တစ်ခုသာလုပ်ဆောင်နိုင်ပါတယ်။ 1956 ခုနှစ်တည်းက OS တွေပေါ်နေပြီဖြစ်ပေမယ့် Apple I မှာတော့မပါသေးပါဘူး။ Apple II Micro Computer Apple II DOS (1978-1983) 1978 ခုနှစ်မှာတော့ ဒုတိယ series Apple II ကိုစတင်ထုတ်လုပ်ခဲ့ပြီး ကိုယ်ပိုင် OS တွေနဲ့ပွဲထွက်လာပါပြီ။ Apple II ရဲ့ Microcomputer series တွေမှာ DOS လို့အမည်ရတဲ့ကိုယ်ပိုင် Operating System ကိုစတင်သုံးစွဲခ