Posts

PC iTunes ဖြင့် iOS App များ Download ဆွဲနည်း

Image
  Apple က iTunes version 12.7 ထွက် တည်းက App Store ကိုဖယ်ရှားခဲ့တာကြောင့် iOS app များကို iPhone, iPad များဖြင့်သာ download ဆွဲလို့ရနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် iTunes version 12.6.5 ကအခုချိန်ထိ App များကို Download လုပ်လို့ရပါတယ်။ iTunes version အမြင့်ထည့်ထားရင် Downgrade လုပ်ပေးရပါမယ်။   iTunes version Downgrade လုပ်နည်း ( For Windows) 1.   Downgrade ကဆင်းလို့မရတဲ့အတွက် အရင်ဆုံး version အမြင့်ကို Uninstall လုပ်ရပါမယ်။ 2. iTunes တစ်ခုတည်း Uninstall လုပ်ရုံနဲ့မရသေးပါဘူး ပုံထဲကအတိုင်း Apple နဲ့ပတ်သတ်တာ အကုန် Uninstall လုပ်ရပါမယ်။ 3. ပြီးရင်တော့ Explorer မှာ C: User > (PC ရဲ့ Username) > Music > iTunes folder ကို Shift + Delete နဲ့ဖျက်ပေးပါ။ ( iTunes ကဒေါင်းထားတာအကုန်ပျက်မှာမို့ file တွေအရင်ရွှေ့ထားပေးပါ) 4. PC ကို Restart ချပေးပါ။ 5. ပြန်တက်လာရင် version အနိမ့်ကို Install လုပ်လို့ရပါပြီ။ iTunes version 12.6.5 ကိုဒီမှာဒေါင်းပါ https://drive.google.com/drive/folders/1ddIM1_eObL1zv57hJ2rRDyjrq8K9Y1np?usp=sharing Swan Htet Paing  

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

Image
မြန်မာပြည်ဈေးကွက်ထဲက  Brand New Sedan  တွေထဲမှာလူကြိုက်အများဆုံးဖြစ်တဲ့  Toyota Vios, Hyundai Accent  နဲ့  Suzuki Ciaz   တွေရဲ့ကွာခြား ချက်လေးတွေပါ။ ဒီ ၃ စီးလုံးက  B-Segment Subcompact  ကားလေးတွေဖြစ်ပြီး ဈေးနှုန်းနဲ့  Specification  တွေလည်းအများကြီးကွာခြားတာမျိုးမရှိပါဘူး။   ကားအသစ်ဝယ်မယ့်သူတွေယှဉ်ပြီးရွေးချယ်လို့ရအောင် အခြေခံ ကွာခြား ချက် များကို တင်ဆက်ပေးလိုက်ပါတယ်။ ကားတွေကိုအရွယ်အစားအလိုက် Class ခွဲခြားထားပုံ   History Vios ကို ၂၀၀၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဂျပန်မှာ Belta , အခြားနိုင်ငံတွေမှာ Yaris , အာဆီယံဈေးကွက်မှာတော့ Vios လို့ခေါ်ပါတယ်။ ကမ္ဘာမှာ Volkswagen Polo ပြီးရင်ဒုတိယရောင်းအားအကောင်းဆုံး Subcompact ကားဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာလည်းအရမ်းလူကြိုက်များပါတယ်။ Generation ၃ ခုထွက်ထားပြီး လက်ရှိ Third Generation ကို ၂၀၁၃ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပါတယ်။   Accent ကို ၁၉၉၄ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး မျိုးဆက် ၅ ခုရှိသွားပါပြီ။ လက်ရှိမျိုးဆက်ကို ၂၀၁၈ ကမှ All New ထွက်ထားတာဖြစ်ပါတယ်။   Ciaz...

Google Play Family Library

Image
Google Play Family Library  ဆိုတာ Android ဖုန်းတွေမှာ Google Play Store ကဝယ်ထားတဲ့ App တွေ Game တွေ၊ Books, Movie တွေကို Family member အချင်းချင်း Sharing လုပ်ပြီးသုံးတာပါ။  Family Library လုပ်ဖို့ Credit card ထည့်ထားရပါမယ်။ Family Payment method အနေနဲ့သုံးဖို့ Visa card or Master card ထည့်ထားဖို့လိုအပ်ပြီး အများဆုံး Google Account  ၅ ခုအထိမျှဝေသုံးစွဲနိုင်ပါတယ်။ Family Library စတင်သုံးနိုင်ဖို့ Google Play Store > Account > Family ကနေ Sign up လုပ်ပေးရပါမယ်။ Sign up လုပ်ပြီးပြီဆိုရင် Manage Family Member ဆိုတာပေါ်လာပါလိမ့်မယ်။  Invite  လုပ်ပြီးလက်ခံမယ့်သူရဲ့  Gmail  ကိုထည့်ပေးရင်ရပါပြီ။  ဟိုဘက်ကို  mail  ပို့ပါလိမ့်မယ်  Accept invitation  လုပ်ပေးလိုက်ရင် Family Member ဖြစ်သွားပြီမို့ ဝယ်ထားတဲ့  Paid App  တွေကို  Share  သုံးလို့ရပါပြီ။  Play Store  မှာ  Family Library  ဆိုတာလေးပေါ်လာပါလိမ့်မယ်။  အဲ့ဒီထဲမှာ  Library  ထဲက  App  တစ်ခုချင်းစီကို  Family Man...

Mitsubishi Attrage ကိုအိမ်နီးချင်းနိုင်ငံတွေက ဈေးနဲ့နှိုင်းယှဉ်ကြည့်ခြင်း

Image
မြန်မာပြည်မှာကားတွေကိုအခွန်ကောက်တာများတယ်ဆိုကြလို့ Mitsubishi Attrage ကိုထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင် အိမ်နီးချင်း ၃ နိုင်ငံကဈေးတွေနဲ့နှိုင်းယှဉ်ပြထားပါတယ် ( နောက်ဆုံးပုံမှာ Price comparison table ပါထည့်ထားပေးပါတယ်) ဟိုတစ်နေ့ကလည်း Suzuki Ciaz ကိုဖိလစ်ပိုင်က Grade နဲ့ဈေးတွေကို ယှဉ်ပြဖူးပါတယ်။ ထိုင်းနဲ့ဖိလစ်ပိုင်တွေကဈေးက ဒီမှာနဲ့ကွာခြားချက်ကြီးကြီးမားမားမရှိပေမယ့် စင်္ကာပူကဈေးကတော့ အဆမတန်များနေတာတွေ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့  Grade နဲ့ဈေးနှုန်းတွေပါ ကျွန်တော်စင်္ကာပူရောက်တုန်းက အဲ့ဒီကလူတွေကိုမေးဖူးပါတယ် ဒီကလူတွေကချမ်းသာရက်နဲ့ ဘာလို့ကားကောင်းကောင်းမစီးကြတာလဲ မြန်မာပြည်လောက်တောင် Class မြင့်တဲ့ကားတွေသိပ်မရှိဘူးဆိုတော့ သူတို့ဆီမှာ Public Transport တွေကိုကောင်းကောင်းလုပ်ထားပေးလို့ ကားတွေကိုအနိမ့်ဆုံး 300% အထိအခွန်ကိုအဆမတန်ကောက်ထားပါတယ် သူတို့တောင်မတန်လို့ဝယ်မစီးဘူးလို့ပြောပါတယ်။ Brand New တွေဆိုဈေးအဆမတန်များလွန်းလို့ စင်္ကာပူကဂျပန်တစ်ပတ်ရစ်ကားတွေလည်း အများဆုံးတင်သွင်းတဲ့စာရင်းမှာပါပါတယ်။  2016 ခုနှစ်ကဂျပန်တစ်ပတ်ရစ်ကားအများဆုံးတင်သွင်းတဲ့နိုင်ငံတွေပါ အခု Attrage ဆိုရင် MSRP...