Apple Watch နဲ့ Apple TV တွေကို ဘာကြောင့် iWatch, iTV လို့မခေါ်တာလဲ
Apple ကသူတို့ရဲ့အဓိက Product နဲ့ Service တွေမှာ iPhone, iPad, iPod, iMac, iTunes, iBooks ဆိုပြီးနာမည်မှာ i နဲ့စလေ့ရှိပါတယ်။ ရှေ့ဆုံးက i အသေးက Apple ရဲ့ Trademark တစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမယ့် Apple Watch နဲ့ Apple TV တွေမှာတော့ iWatch, iTV လို့နာမည်ပေးခွင့်မရခဲ့ပါဘူး။ အခြား company တွေကအရင်မူပိုင်တင်ပြီးသားဖြစ်နေလို့ပါ။ Apple က Smartwatch တွေစမထုတ်ခင် ၃ နှစ်အလို ၂၀၁၂ ခုနှစ်မှာ OMG Electronics အမည်ရတဲ့ company က iWatch ဆိုတဲ့နာမည်ကိုမူပိုင်တင်ဖို့လျှောက်ထားခဲ့ပါတယ်။ OMG တစ်ခုတည်းမဟုတ်ပါဘူး M.Z. Berger & Co ကလည်း ၂၀၀၇ ခုနှစ်တည်းက ဒီနာမည်ကိုမူပိုင်တင်ဖို့လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကျော် ဆွစ်နာရီ Brand တစ်ခုဖြစ်တဲ့ Swatch ကသူတို့မှတ်ပုံထားတဲ့ iSwatch နဲ့ ရှုတ်ထွေးမှုများရှိနိုင်တယ်ဆိုပြီး ဒီအဆိုကိုအောင်မြင်စွာကန့်ကွက်နိုင်ခဲ့ပါတယ်။ iSwatch ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ Probendi software studio က iWatch နာမည်ကို EU မှာအောင်မြင်စွာမူပိုင်တင်နိုင်ခဲ့ပြီးနောက် EU နိုင်ငံတွေမှာမည်သည့် Product ကိုမဆို iWatch နာမည်နဲ့ရောင်းချခွင့်မပြုဘူးလို့ကြေညာခဲ့ပါတယ်။ အခြားသောနိုင်ငံ...