Posts

Showing posts from April, 2020

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Image
BMW လို့ပြောလိုက်တာနဲ့ သူ့ရဲ့ရှေ့ကကျောက်ကပ်ပုံရှဲကြီးကို လူတိုင်းပြေးမြင်ကြမှာပါ။ BMW ရဲ့ Traditional Style တစ်ခုဖြစ်သလို သူ့ရဲ့ကိုယ်ပိုင် Trademark လည်းဖြစ်ပါတယ်။ ဒါကိုဘယ်ချိန်တည်းကစသုံးခဲ့တယ်ထင်ပါလဲ။ BMW ကကားတွေစထုတ်ခဲ့တဲ့ 1928 ခုနှစ်တည်းကသုံးခဲ့တာဖြစ်ပါတယ် ( BMW ကို 1916 ခုနှစ်တည်းကတည်ထောင်တာဖြစ်ပေမယ့် ကားတွေကို‌တော့ 1928 မှစထုတ်တာပါ) ။ နှစ်ပေါင်း ၈၀ အတွင်း ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့  Kidney Grille  တွေကိုတစ်ပုံချင်းဖော်ပြပေးလိုက်ပါတယ်။ 1930  1940  1950  1960 1970   1980  1990  2000 2010 2020 BMW Series တွေအကြောင်း  ကိုဒီမှာဖတ်လို့ရပါတယ် Swan Htet Paing

Covid 19 မတိုင်ခင်ဖြစ်ပွားခဲ့သောကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအချို့

Image
တရုတ်ပြည်ဝူဟန်မှာ 26.12.2019 ရက်နေ့မှာ Epidemic အနေနဲ့စတင်တွေ့ရှိခဲ့တဲ့ Covid 19 (coronavirus disease 2019 ) ဟာလပိုင်းအတွင်းမှာဘဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တစ်ကမ္ဘာလုံးကိုကူးစက်ပြန့်နှံ့သွားခဲ့ပါတယ်။ 11.3.2020 ရက်နေ့မှာတော့ WHO ကနေ Pandemic အဖြစ်ကြေညာခဲ့ပါတယ်။ Epidemic ဆိုတာနိုင်ငံတစ်နိုင်ငံသို့မဟုတ် ဒေသတစ်ခုအတွက်သာစိုးရိမ်ရတဲ့ကပ်ရောဂါဖြစ်ပြီး Pandemic ကတော့ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပါတယ်။ Covid 19 မတိုင်ခင်ပေါ်ပေါက်ခဲ့တဲ့ Pandemic တွေထဲကအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။ Bubonic Plague (1347-51) လူ့သမိုင်းမှာသေဆုံးမှုအများဆုံးကပ်ရောဂါကတော့ ၁၄ ရာစုကဖြစ်ခဲ့တဲ့ Bubonic Plague ဖြစ်ပါတယ်။ အာရှတိုက်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကြွက်များမှကူးစက်နိုင်တာကြောင့် ကုန်သွယ်ရေးသင်္ဘောများမှတဆင့် ဥရောပနှင့်အာဖရိကတိုက်တို့အထိကူးစက်ပြန့်နှံ့သွားပြီး ခန်းမှန်းခြေ ၇၅ သန်းကနေ သန်း ၂၀၀ အထိ သေဆုံးခဲ့ပါတယ်။ Spanish Flu (1918-19) ခေတ်သစ်မှာဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ ကဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး ( Spanish Flu) ကနေလူပေါင်းသန်း ၅၀ နီးပါးရဲ့အသက်ကိုဝါးမြိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကကမ္ဘာ့...

ကားတစ်စီးကိုတန်ရာတန်ကြေးဝယ်စီးမလား မတန်မရာပေးဝယ်ကြမလား

Image
Hyundai Accent (2020) vs Toyota Crown (2014) အခုချိန်သိန်း ၃၀၀ တန်ကားတစ်စီးဝယ်မယ်ဆို Entry Level Brand New ထဲက ဝယ်မလား ဂျပန်ကျထဲကဘဲအမြင့်ကားဝယ်စီးမလား။ SKD လို့ခေါ်တဲ့မြန်မာပြည်မှာဆင်တဲ့ကားတွေကို အခွန်တွေအများကြီးလျှော့ထားပေးတာကြောင့် မူရင်းဈေးနဲ့ဘယ်လောက်မှမကွာတာတွေ့ရပါတယ် အခုနောက်ပိုင်းလူကြိုက်များလာတဲ့ Hyundai Accent ကိုလေ့လာကြည့်ရအောင် Hyundai Accent  ရဲ့ ဝင်ငွေခွန်အပါအပြီးအစီဈေးက ၃၁၂ သိန်းရှိပါတယ် သူရဲ့မူရင်းဈေးကိုလေ့လာကြည့်တော့  Base model (Manual Gear /   without Alloy)  ကိုဒေါ်လာ ၁၅၀၀၀ ကစပါတယ်။ ဒီမှာရောင်းတာတွေက  Auto Gear (with Alloy)  တွေမို့ ကားဖိုးသီးသန့်ကို ဒေါ်လာ ၁၆၀၀၀ သို့မဟုတ် မြန်မာငွေ သိန်း ၂၄၀ ဖြစ်တာကြောင့် ကိုယ်ပေးလိုက်ရတဲ့ငွေရဲ့ 77 %  ကကားတန်ဖိုးဖြစ်ပါတယ် Accent ရဲ့စက်ရုံထုတ်ဈေး ($15995) သူနဲ့ဈေးတန်းတူတဲ့ Crown 2004 model ဆိုရင် ဂျပန်လေလံမှာရော Without ဈေးကွက်မှာရောသိန်း ၃၀ ဝန်းကျင်လောက်ကစပြီးရပါပြီ  Crown (2004) ရဲ့လေလံဈေး ($2000 ဝန်းကျင်) ဒါပေမယ့်လိုင်စင်အပါအပြီးအစီးဈေးဆို သိန်း ၃၀၀ ကနေ ၃၆...

ဖုန်းလိုင်းတွေရဲ့ Signal Strength ဆိုတာ

Image
ဖုန်းတွေလိုင်းဘယ်လောက်တက်လဲဆိုတာကို Status bar ကလိုင်းတိုင်လေးတွေကြည့်ပြီးအလွယ်တကူသိနိုင်ပါတယ်။ ဒါပေမယ့်ဒါကအကြမ်းဖျင်းဘဲဖြစ်ပါတယ်။ လိုင်းအသင့်အတင့်ကောင်းရုံနဲ့ တိုင်အပြည့်တက်နေတာဖြစ်လို့ အတိအကျတော့သိနိုင်မှာမဟုတ်ပါဘူး။ 4G တက်နေရုံနဲ့အင်တာနက်အမြဲမကောင်းသလိုဘဲ တိုင်အပြည့်တက်ပေမယ့် ဖုန်းပြောရတာပြတ်တောင်းပြတ်တောင်းဖြစ်နေတာမျိုးကြုံဖူးကြမှာပါ။ အခုဖော်ပြပေးမှာတော့ (အင်တာနက်မြန်နှုန်းကို Speed Test နဲ့စစ်သလိုဘဲ) Signal Strength လို့ခေါ်တဲ့ ဖုန်းလိုင်းဘယ်လောက်မိလဲဆိုတာကို အတိအကျကြည့်နိုင်မယ့်နည်းဖြစ်ပါတယ်။ ဖုန်းတွေ Hardware ပိုင်းပြင်ပြီးလို့ လိုင်းမကောင်းတော့ရင်ဘဲဖြစ်ဖြစ်၊ ကိုယ့်ဖုန်းကဝယ်တုန်းကလောက်လိုင်းမကောင်းတော့ဘူးထင်လို့ဘဲဖြစ်ဖြစ် အသုံးဝင်မှာပါ။ ဖုန်းလိုင်းရဲ့ Signal Strength ကို dBm (decibel-milliwatts) ဆိုတဲ့ Unit နဲ့တိုင်းတာပါတယ်။ - 40 ကနေ - 140 ကြားမှာရှိတတ်ပြီး Negative ဂဏန်းကြီးလေ (သုညနဲ့နီးလေ) လိုင်းပိုမိလေဖြစ်ပါတယ်။ ဥပမာ - 100 dBm ထက် - 80 dBm ကလိုင်းပိုကောင်းပါတယ်။ 0 dBm က 1 milliwatt နဲ့ညီမျှတာကြောင့်ပါ။ dBm ဘယ်လောက်ဆိုလိုင်းကောင်းတာလဲ -60 ကျော်ဆိုရင်အက...

Windows 10 မှာ Unicode Keyboard ထည့်သွင်းနည်း

Image
ဖုန်းမှာတော့ Unicode သုံးလို့ရအောင်ဘယ်လိုလုပ်ရမလဲတော်တော်များများသိပြီးကြပါပြီ။ ဒါကြောင့်အခု PC မှာ Unicode ကိုဘယ်လိုရိုက်မလဲမသိသေးတဲ့သူတွေအများကြီးရှိမယ်လို့ယူဆလို့ဖော်ပြပေးလိုက်ပါတယ်။ ဘာမှတော့ခက်ခက်ခဲခဲမဟုတ်ပါဘူး။ Built in ပါပြီးသားဖြစ်တာကြောင့် Setting ထဲကနေ Myanmar Keyboard ကိုရွေးပေးလိုက်ရုံပါဘဲ။ လွယ်လွယ်ကူကူလုပ်လို့ရအောင်တစ်ဆင့်ချင်းဖော်ပြေပေးလိုက်ပါတယ်။ ပုံမှာလည်းတစ်ဆင့်ချင်းပြထားပေးပါတယ်။   Setting ကိုသွားပါ။ Times & Language ကိုရွေးပေးပါ   Language Tab ကိုသွား Add Preferred Language ကိုရွေးပေးပါ Search ကနေ Myanmar လို့ရိုက်ရှာပြီး Install လုပ်ပေးပါ ဒါဆိုရင် Unicode Keyboard ထည့်တာပြီးသွားပါပြီ။     Language မှာ English ရဲ့အောက်မှာ မြန်မာစာဆိုတာပေါ်လာပါလိမ့်မယ်။  English ကနေ Myanmar (Unicode) ကို Status Bar ကနေ ENG (US) ကိုနှိပ်ပြီးပြောင်းနိုင်သလို Shortcut နဲ့အလွယ်ပြောင်းချင်ရင်တော့ Windows Key + Space Bar တွဲနှိပ်ပြီးပြောင်းလို့ရပါတယ်။ Browser မှာ Zawgyi ကိုရွေးထားခဲ့ရင်တော့ Unicode နဲ့ရေးထ...

Smartphone တွေကဘယ်လောက်အလျင်နဲ့ရွေ့လျှားနေတယ်ဆိုတာဘယ်လိုသိတာလဲ

Image
iOS 11 ကစပြီး Do Not Disturb While Driving ဆိုတဲ့ Feature ပါလာပါတယ်။ ဖုန်းကတစ်နာရီကီလိုမီတာ ၄၀ နှုန်းရွေ့လျားတာနဲ့ ကားမောင်းနေတယ်လို့ယူဆပြီး DND Mode လုပ်ပေးတာပါ။ Google Map မှာလည်း ကားမောင်းတဲ့ Speed ကိုဖော်ပြပေးသလို Speedometer App တွေကလည်းဖုန်းမှာကောင်းကောင်းအလုပ်လုပ်ပါတယ်။ ကားမှာဖော်ပြတဲ့ Odometer လိုမျိုးအတိအကျတော့မမှန်ပေမယ့် အနီးစပ်ဆုံးတော့ဖော်ပြပေးနိုင်ပါတယ်။ ဒါဆိုဖုန်းတွေက Speed ကိုဘယ်လိုသိတာလဲ။ Smartphone တွေမှာပါတဲ့ Accelerometer sensor ကဘယ်လောက်အလျင်နဲ့ရွေ့လျားနေတယ်ဆိုတာကို အာရုံခံပေးနိုင်ပါတယ်။ Smartphone တွေမှာ Accelerometer ကိုစသုံးခဲ့တဲ့မူလရည်ရွယ်ချက်ကတော့ Screen Orientation ကို လှုပ်ရှားမှုအလိုက် Auto Rotate လုပ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ iPhone တွေမှာ Raise to wake လို့ခေါ်တဲ့ ဖုန်းကို‌ကောက်ကိုင်လိုက်တာနဲ့ Screen ကို Awake လုပ်ပေးတာကလည်း Accelerometer နဲ့အလုပ်လုပ်တာပါ။ Google Map မှာ Navigation System တစ်ခုအလုပ်လုပ်ဖို့အတွက် magnetometer, GPS, gyroscope နဲ့ accelerometer Sensor တွေပေါင်းပြီး‌တော့အလုပ်လုပ်တာဖြစ်ပါတယ်။ ပုံကတော့ကမ္ဘာ့အကြီးဆုံးခရီ...

iPhone အတွက် Black Screen အနေအထားနဲ့ Video ရိုက်လို့ရတဲ့ Spy Camera App

Image
အကြောင်းအမျိုးမျိုးကြောင့် Spy Camera သုံးဖို့လိုအပ်သူတွေအတွက်ပါ။ Concert Camera လို့အမည်ရတဲ့ ဒီ App လေးက Black Screen အနေအထားနဲ့ Video Record လုပ်လို့ရပါတယ်။ Free တော့မရပါဘူး $2.99 ပေးဝယ်ရတဲ့ Paid App ဖြစ်ပါတယ်။ Record Button နှိပ်လိုက်တာနဲ့ Auto Black Screen ဖြစ်သွားပြီး Record လုပ်နေပါပြီ Screen ပြန်ဖွင့်ချင်ရင် Screen ကို Double Tap လုပ်ပေးလို့ရပါတယ်။ Black Screen အနေအထားနဲ့ Video Record ရပ်ချင်ရင် Power Button / Side Button တစ်ချက်နှိပ်လိုက်ရုံပါဘဲ။ ဒါဆို Sleep ဖြစ်သွားပြီး Record လုပ်ပြီးသလောက် Save လုပ်ပေးပါတယ်။ အားနည်းချက်ကတော့ Rear Camera ဘဲရပါတယ် Selfie Camera မရပါဘူး။ App Link ပါ https://apps.apple.com/us/app/concert-camera/id 1378801789 Selfie ရိုက်လို့ရတဲ့ Spy Camera ဆိုရင်တော့ Secret Cam+ ဆိုတဲ့ App ရှိပါတယ် ဒါပေမယ့် iOS 10 အထိဘဲ Support လုပ်ပါတယ်။ Surprise လုပ်တာလေးတွေအမှတ်တရသိမ်းထားချင်ရင်တော့ Selfie နဲ့မှအဆင်ပြေမှာပါ iOS 11 နဲ့အထက် Support လုပ်တဲ့ Selfie ရိုက်လို့ရတဲ့ Spy Camera တော့မတွေ့မိသေးပါဘူး Swan Htet Paing